national costume

national costume

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် သျှားထွဋ်အိန္ဒြာတစ်ယောက် စခန်းသွင်းလေ့ကျင့်ဖို့အတွက် ဒီဇင်ဘာ ၂၉ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာသွားပါပြီ။ မယ်စကြာဝဠာပြိုင်ပွဲရဲ့ Talent Show အတွက

2mo ago
SOURCE  

Description

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ကျင်းပမယ့် မယ်စကြာဝဠာပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် သျှားထွဋ်အိန္ဒြာတစ်ယောက် စခန်းသွင်းလေ့ကျင့်ဖို့အတွက် ဒီဇင်ဘာ ၂၉ရက်နေ့မှာ ရန်ကုန်ကနေ ထွက်ခွာသွားပါပြီ။ မယ်စကြာဝဠာပြိုင်ပွဲရဲ့ Talent Show အတွက် အဓိကပြင်ဆင်တာမရှိဘဲNational Costume အတွက် ဖန်တီးထားတဲ့ ဗိဿနိုးခေတ် ပန်ထွာဘုရင်မရဲ့ စစ်တိုက်ထွက်တဲ့ ဝတ်စုံနဲ့အတူ အမူအရာကို သေသေချာချာ လေ့ကျင့်ထားပြီး မြန်မာတွေအတွက် အခက်အခဲရှိတဲ့ ရေကူးဝတ်စုံနဲ့ပြိုင်ပွဲအတွက် ဖိလစ်ပိုင်မှာ အသေးစိတ်သွားရောက်သင်ယူထားတယ်လို့ ကမာရွတ်မီဒီယာကို ပြောပြပါတယ်။ မယ်စကြာဝဠာပြိုင်ပွဲက ဇန်နဝါရီ ၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပန်ထွာဘုရင်မရဲ့ စစ်ထွက်ဝတ်စုံမှာ မိုးကုတ်ထွက် ကျောက်မျက်ရတနာအစစ်တွေဖြစ်တဲ့ ပတ္တမြား၊ နီလာ၊ မဟူရာအပါအဝင် ကျောက်မျက်ရတနာ အလုံးရေ ၆ဝကျော် အသုံးပြုထားတယ်လို့ ဆိုပါတယ်။ စစ်ထွက်ဝတ်စုံမှာ ဒေါက်မြင့်ဖိနပ်ကိုသုံးထားလို့ ပရိသတ်တွေ ဝေဖန်နေကြပေမယ့် ဒါဟာ National Dress မဟုတ်သလို ပြဇာတ်ကနေတာလည်း မဟုတ်တာကြောင့် ပြိုင်ပွဲရဲ့သဘောသဘာဝအရ ဝတ်ရတာကိုလည်း နားလည်စေချင်ပါတယ်လို့ ဒီဇိုင်နာ မပုံ့က ရှင်းပြပါတယ်။ ဗိဿနိုးခေတ် စစ်ထွက်ဝတ်စုံအတွက် သုတေသနကိုအချိန်ယူလုပ်ခဲ့ပြီး ဒီဇိုင်းဖော်ခဲ့တာပါလို့ ဆိုပါတယ်။ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ မြန်မာတွေကလည်း သျှားထွဋ်အိန္ဒြာကို ကြိုဆိုဖို့ စီစဉ်နေကြပြီး ကမ္ဘာ့အဆင့် ပြိုင်ပွဲကို မြန်မာပြည်က ဝင်ပြိုင်တာ ၂ကြိမ်ပဲရှိသေးတာမို့ ဆုရဖို့ဆိုတာ ခဲယဉ်ပေမယ့် မနှစ်ကထက်စာရင် ရလဒ်ကောင်းတွေရဖို့ မျှော်လင့်နေသူက National Director ဒေါ်စိုးယုဝေပါ။ ပြိုင်ပွဲအတွက် မဲပေးနိုင်တဲ့ Link ထုတ်ပေးတာနဲ့ မြန်မာပရိသတ်တွေအတွက် အမြန်ဆုံး ပေးသွားမှာဖြစ်ပြီး သူကိုယ်တိုင် ကြိုးစားမှုအပြင် ပရိသတ်ရဲ့အားပေးမှုကလည်း အရေးကြီးတာမို့ အားပေးကူညီဖို့ သျှားထွဋ်အိန္ဒြာက တောင်းဆိုခဲ့ပါတယ်။