auto

auto

Se Kyaung Auto Car Showroom မှ တာဝန်ရှိသူ မဧကရီနှင့် အင်တာဗျုး SK Auto Car Showroom ကို ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ်ခွဲနီးပါးခန့် ရှိပြီဖြစ်ကြောင်းနှင့် ကိုရီးယားနိုင်ငံထုတ်ကားများကိုသာ အဓိကထား၍ တင်သွင်း ရောင်းချနေကြောင်း သိရသည်။ကားအမျိုးအစား အနေဖြင့် KIA

4w ago
SOURCE  

Tags

Description

Se Kyaung Auto Car Showroom မှ တာဝန်ရှိသူ မဧကရီနှင့် အင်တာဗျုး SK Auto Car Showroom ကို ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ်ခွဲနီးပါးခန့် ရှိပြီဖြစ်ကြောင်းနှင့် ကိုရီးယားနိုင်ငံထုတ်ကားများကိုသာ အဓိကထား၍ တင်သွင်း ရောင်းချနေကြောင်း သိရသည်။ကားအမျိုးအစား အနေဖြင့် KIA ၊ Hyundai ၊ အစရှိသောကားများကို ရရှိနိုင်ကြောင်းနှင့် မော်ဒယ်အနေဖြင့် ၂၀၀၄ခုနှစ်မှ ၂၀၁၃ခုနှစ် ထုတ်ကားများကို ရောင်းချပေးနေကြောင်း ပြောသည်။ ၀န်ဆောင်မှု့ အနေဖြင့် ကားဝယ်ယူချိန်တွင် အင်ဂျင်ဝိုင် အသစ်လဲပေးခြင်း၊ Filter ပြန်လဲပေးခြင်း၊ဘက်ထရီ အသစ်လဲပေးခြင်းနှင့် ၀ယ်ယူပြီး နောက်ပိုင်း တွင်လည်း after sale service အနေဖြင့် ခြောက်လ ၀န်ဆောင်မှု့ပေးကြောင်း သိရသည်။အရစ်ကျ ငွေပေးချေ စနစ်ဖြင့်လည်း ၁၀လအထိ လက်ခံပေးကြောင်း နှင့် အတိုးမဲ့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ SK Auto Car Showroom သည် Customerများအတွက် ဈေးအသက်သာဆုံး Service အကောင်းဆုံး ပုံစံဖြင့် ၀န်ဆောင်မှု့ ပေးနေကြောင်းနှင့် Korea ကားများ ဖြစ်သည့် အတွက် Spare Part အတွက် စိတ်မပူရကြောင်း၊ Service လည်း အပြည့်အ၀ ပေးထားသည့်အတွက် စိတ်ချလက်ချ ၀ယ်ယူနိုင်ပါကြောင်း ကိုလည်း ပြောကြားသွားခဲ့ပါသည်။ www.iMyanmarCars.com အခမဲ့ ကားရောင်း ကားဝယ် ၀ဘ်ဆိုဒ်